Thursday, April 6, 2017

The Liar and His Lover (2013)


The Liar and His Lover (2013) မြန်မာစာတန်းထိုး
Romance
imdb...........7.9/10
1h 57min

ဂီတဆိုတာ အချစ်တစ်ခုကို မွေးဖွားပေးနိုင်တာကို သင်ယုံကြည်ပါသလား။ အချစ်ကြောင့် ဂီတတစ်ခုကို မွေးဖွားပေးနိုင်ဆိုတာကိုရော သင်သိပါသလား။ အဲဒီအကြောင်းလေးတွေနဲ့ ပတ်သက်လို့ ၂ဝဝ၉ ခုနှစ်တုန်းက ကာတွန်းပညရှင် ကိုတိုမီ အာအိုကီက Cheese! ဆိုတဲ့ မဂ္ဂဇင်းမှာ အချစ်နဲ့ ဂီတတေးသီချင်းနဲ့ ဆက်စပ်တဲ့ နူးညံသိမ်မွေ့တဲ့အချစ်ဇာတ်လမ်းကာတွန်းတစ်ပုဒ်ကို ရေးသားဖော်ပြခဲ့ဖူးပါတယ်။ ၂၀၁၃ ခုနှစ်မှာတော့ ဂျပန်ဒါရိုက်တာ နိုရီဟီရို ကိုအီဇူမီက အဲဒီကာတွန်းလေးကို ရုပ်ရှင်အဖြစ် ပြန်လည်အသက်သွင်းပေးလိုက်ပါ တော့တယ်။ ဇာတ်လမ်းအကြောင်းလေးက ဒီလိုဗျ၊ အသက် ၂၅ နှစ်အရွယ်အသံအင်ဂျင်နီယာတစ်ယောက်နဲ့ ဘုရားပေးတဲ့အသံပိုင်ရှင် အသက် ၁၆ နှစ်အရွယ် အထက်တန်းကျောင်းသူလေးတစ်ယောက်တို့ ကြားက အချစ်ဇာတ်လမ်းလေးတစ်ပုဒ်ပါပဲ။ အသံအင်ဂျင်နီယာ အာကီဟာ နာမည်ကျော် Crude Play ဆိုတဲ့ အမျိုးသား Band တစ်ခုရဲ့အဖွဲ့ဝင်ဟောင်းတစ်ယောက်ဖြစ်ပြီးတော့ အဖွဲ့က သူတို့သီချင်းသွင်းဖို့ ကုမ္ပဏီတစ်ခုကို ရွေးချယ်လိုက်တဲ့အချိန်မှာ ဂီတအပေါ် ခံယူချက်ပြင်းထန်လွန်းတဲ့ အာကီဟာ အဖွဲ့ကနေ နုတ်ထွက်လိုက်ပါတယ်။ ဒါပေမယ့် ဂီတကို ခုံမင်တဲ့ အာကီတစ်ယောက်ဟာ ခင်မင်မှုရင်းနှီးမှု အကြောင်းခံကြောင့် ထုတ်လုပ်သူ ဆိုအီချီရိုဆိုတဲ့ နာမည်နောက်ကွယ်ကနေ Crude Play အဖွဲ့မှာ တေးသီချင်းတွေကို ဆက်လက်ဖန်တီးပေးနေပါတယ်။ တစ်နေ့မှာတော့ ရီကိုဆိုတဲ့ ကျောင်းသူလေးတစ်ဦးနဲ့ ဆုံမိခဲ့ပါတယ်။ အာကီရဲ့ ဘ၀နောက်ခံအခြေအနေတွေကို မသိတဲ့ ရီကိုဟာ ငယ်သူငယ်ချင်းတွေဖြစ်တဲ့ ယူအီချီနဲ့ ဆိုတာတို့နဲ့အတူ အပျော်တမ်း Band လေးတစ်ခုဖွဲ့ထားသူပါ။ တစ်နေ့မှာတော့ ဆိုအီချီရို ဆိုတဲ့ ထုတ်လုပ်သူကြီးက သူတို့ရဲ့ လေ့ကျင့်နေမှုအခြေအနေကို မြင်တွေ့သွားပြီး သူတို့ကို မြေတောင်မြှောက်ပေးဖို့ လုပ်ပါတော့တယ်။ မြင်မြင်ချင်းချစ်မိပါတယ်ဆိုလို့ ရီကိုရဲ့ အချစ်ကိုလက်ခံလိုက်တဲ့ အထီးကျန်သူ အာကီအနေနဲ့ သူချစ်တဲ့မိန်းကလေးဟာ သီချင်းဆိုတတ်တဲ့သူမဖြစ်ရဘူးဆိုတဲ့ ခံယူချက်ရှိပေမယ့် အချစ်ကြောင့် စိတ်သဘောထားတို့ နူးညံ့လာပါ့မလားဆိုတာ ဇာတ်လမ်းကို ကြည့်ရှုပေးပါ။ မိမိဘဝ ဖုံးကွယ်ထားတဲ့အာကီ့ကိုရော ရီကိုက အမှန်တရားတွေကိုသိလာတဲ့တစ်နေ့ ဘယ်လိုရင်ဆိုင်မှာလဲဆိုတာ တွေးကြည့်လိုက်တာနဲ့တင်ရင်ခုန်ဖို့ကောင်းပါတယ်။ Kanojo wa Uso Wo Aishisugiteru (The Liar and His Lover) ဆိုတဲ့ဇာတ်လမ်းကိုပဲ အခုဆိုရင် ကိုရီးယားဗားရှင်းနဲ့ ဇာတ်လမ်းတွဲအဖြစ် ထုတ်လွှင့်ပြသနေပြီဖြစ်ပါတယ်။ ပါဝင်ထားတဲ့ သရုပ်ဆောင်တွေကတော့ တာကဲယူ ဆိုတာ၊ ဆာကူရာကို အိုဟာရာ၊ ဆိုဟိုင်း မီယူရာ တို့ပါတယ်။


Reviewed by WaingNay Oppa
Translated by Khine NI NI Shein
Encoded by Zin Ko Htut
Quality.......720p bluray
file size......825 mb


No comments:

Post a Comment