Friday, April 7, 2017
American Psycho (2000)
American Psycho (2000) မြန်မာစာတန်းထိုး
Slasher/Thriller
1h 44m
IMDB......................7.6/10
Rottentomatoes........67%
တကယ်လို့သင်ဟာ psychological thriller ဇာတ်ကားကောင်းတွေကို နှစ်ခြိုက်တယ်ဆိုရင် mind-blowing ဇာတ်ကားတွေကြည့်ပြီး ဇာတ်လမ်းအတိုင်းလိုက်ပါစီးမျောတွေးတောရတာကြိုက်တယ်ဆိုရင် american psycho ကိုသင့် list ထဲမှာထည့်ထားဖို့ညွှန်းပါရစေ။
mind-blowing ဆိုပေမဲ့ သပွတ်အူလိုရှုပ်ထွေးမနေဘဲ ရိုးရိုးရှင်းရှင်းနဲ့ဆွဲဆောင်သွားနိုင်တဲ့ ဇာတ်လမ်း၊ အဓိကသရုပ်ဆောင် Christian Bale (batman သရုပ်ဆောင်) ရဲ့ပြောင်မြောက်တဲ့ သရုပ်ဆောင်ချက်တွေနဲ့ ဒီကားဟာ အစကနေအဆုံးထိ သင့်ကိုဆွဲခေါ်သွားပါလိမ့်မယ်။
ဇာတ်သိမ်းသွားပေမယ့် သင်ကတော့ တွေးတောစရာတွေတပွေ့တပိုက်နဲ့ ကျန်ခဲ့ပါလိမ့်မယ်။
Christian Bale ရဲ့ character Patrick Bateman က ပြင်ပလောကဇာတ်ခုံမှာ ငွေကြေး၊ ပညာ၊ ရုပ်ရည်အရာရာပြည့်စုံနေတဲ့သူတစ်ယောက်၊ ဒါပေမဲ့ ဘယ်လိုမှဖြည့်ဆည်းလို့မပြည့်နိုင်တဲ့ဆန္ဒတွေနဲ့ ဇာတ်ခုံကန့်လန့်ကာနောက်ကွယ်က သူ့ဘဝ၊ ဘဝနှစ်မျိုးကို ဘက်ညီအောင်ကြိုးစားနေရပုံကို ဇာတ်လမ်းအစကအဆုံးထိ အသေးစိတ်ရိုက်ချက်တွေနဲ့ပုံဖော်ထားတာမို့ movie fan တွေအတွက် မြန်မာစာတန်းထိုးနဲ့တင်ဆက်ပေးလိုက်ပါတယ်။
(ဇာတ်လမ်းအကျဉ်းပြောလိုက်ရင် spoiler လိုဖြစ်သွားမှာမို့ မပြောတော့ဘဲ မိမိဘာသာကြည့်ရှုကြဖို့ တိုက်တွန်းလိုက်ပါတယ်။
တစ်ခုတော့ သတိပေးပါရစေ၊ တချို့အခန်းတွေဟာ မိသားစုနဲ့အတူကြည့်ရှုဖို့ မသင့်တော်ပါဘူး)
Review and Translated by CTZN
Encoded by Zin Ko Htut
Quality.........720p bluray
file size........865mb
Thursday, April 6, 2017
My Boss My Teacher (2006)
My Boss My Teacher (2006) မြန်မာစာတန်းထိုး
Action, Comedy
imdb.............5.8/10
Asianwiki.......87%
2h 4min
FOF ရုပ်ရှင်ချစ်ပရိသတ်များအတွက် ယခုတစ်ခါမှာတော့ ကိုရီးယားဟာသ ဇာတ်လမ်းလေးတစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ကားနာမည်လေးကတော့ My boss My student ပါ။ ၂၀၀၁ ခုနှစ်မှာ ထွက်ရှိခဲ့ပြီး အောင်မြင်မှုရရှိခဲ့တဲ့ My boss My hero ဇာတ်ကားရဲ့ အဆက်လည်းဖြစ်ပါတယ်။
ဇာတ်လမ်းအကျဉ်းကိုပြောရရင်ဖြင့် လူမိုက်ခေါင်းဆောင်တစ်ယောက်ဖြစ်သူ ဂယ်ဒူရှစ်ဟာ အထက်တန်းအောင်လို့ တက္ကသိုလ်ဆက်တက်ရပါတယ်။ သို့သော်လည်း သူ့ရဲ့တပည့် ဆန်ဒူကို အတန်းစားတက်ခိုင်းခဲ့ပါတယ်။ နောက်ဆုံးစာသင်နှစ်ရောက်တဲ့အခါမှတော့ ပညာရေးမေဂျာမှ သင်တန်းသားအားလုံး ဆရာအတတ်သင်စေလွှတ်ခြင်းခံရပါတယ်။ အဲဒီအခါမှာ ဂယ်ဒူရှစ်တစ်ယောက် ရှောင်လွှဲ၍မရဘဲ အထက်တန်းကျောင်းတစ်ခုကို စာသင်ခဲ့ရပါတယ်။ ထိုကျောင်းရောက်တဲ့အခါ သူဘယ်လို အခက်အခဲတွေတွေ့ရမယ် တပည့်တွေနဲ့ကော ဘယ်လိုသံယောဇဉ်ဖြစ်သွားမလဲဆိုတာတော့ ဒီဇာတ်ကားလေးထဲ စောင့်မျှော်ကြည့်ရှုအားပေးကြပါဦး။
Review and Translated by Phyo Thant
Encoded by Zin Ko Htut
Quality........360p
file size.......800mb
Prison break - Michael Scofield is Back! (2017)
Prison break - Michael Scofield is Back! (2017) မြန်မာစာတန်းထိုး
Review and Translated by Hein Htet Linn
Encoded by Zin Ko Htut
Quality........720p
file size......340mb
Prison break လို့ဆိုလိုက်တာနဲ့ ဘယ်လိုဇာတ်လမ်းတွဲလဲဆိုတာ ထူးထူးထွေထွေပြောနေစရာမလိုတော့ပါဘူး။
* လွန်ခဲ့တဲ့ ၁၀နှစ်လောက်က ကျွန်တော်တို့ အသည်းအသန် အထပ်ထပ်အခါခါ ကြည့်ခဲ့ရတဲ့ Series..
* မြန်မာစာတန်းထိုးတွေမမှန်လို့ အခွေဆိုင်တွေနဲ့ ပြဿနာ တက်ခဲ့ရတဲ့ Series ..
* Final Break ဆိုပြီး ထွက်တဲ့အချိန် လုဝယ်ကြလို့ ဆိုင်တွေမှာ out of stock ဖြစ်သွားခဲ့ရတဲ့ Series ..
အခု Season အသစ်မှာ လက်တွေ့ timeline နဲ့ အဆက်ပြတ်သွားတဲ့ ၇ နှစ်အတိုင်း ဇာတ်အိမ်ပြန်တည်ထားပြီး အားလုံးက သေပြီဆိုပြီး တထစ်ချမှတ်ယူကာ ကြေကွဲခဲ့ရတဲ့ ကျွန်တော်တို့အချစ်တော် Genius Scofield တစ်ယောက် ပုံစံသစ်မျိုးနဲ့ ပြန်လာပါတော့မယ်။
Sara တစ်ယောက် ဘဝသစ်မှာ အခြေကျနေကာမှ ညီဖြစ်သူ မသေသေးကြောင်း သိသွားပြီး သူ့ဆီအပြေးလာခဲ့တဲ့ Lincoln တို့နဲ့ ပြန်လည်ပက်သတ်ရပါတော့မယ်။
ပထမဆုံးအပိုင်းမှာတင်ပဲ Yemen ကို ဇာတ်အိမ်တည်ပြီး ခပ်ကြမ်းကြမ်းပြန်စထားတာမို့ အရင်လို Prison Break ထက် မညံ့တဲ့ အပြင်အဆင်တွေနဲ့ တွေ့ရမှာပါ။
ဩော် ဒါနဲ့ ကျွန်တော်တို့ရဲ့ အချစ်တော်ကြီး T-bag တစ်ယောက်တော့ ထောင်က လွတ်လာတဲ့အပြင် စက်ရုပ်လက်ကြီးနဲ့ ကြမ်းတော့မယ်ဗျို့ 😉
ခုပဲ ဒေါင်းကြည့်လိုက်ကြပါတော့ဗျာ
* လွန်ခဲ့တဲ့ ၁၀နှစ်လောက်က ကျွန်တော်တို့ အသည်းအသန် အထပ်ထပ်အခါခါ ကြည့်ခဲ့ရတဲ့ Series..
* မြန်မာစာတန်းထိုးတွေမမှန်လို့ အခွေဆိုင်တွေနဲ့ ပြဿနာ တက်ခဲ့ရတဲ့ Series ..
* Final Break ဆိုပြီး ထွက်တဲ့အချိန် လုဝယ်ကြလို့ ဆိုင်တွေမှာ out of stock ဖြစ်သွားခဲ့ရတဲ့ Series ..
အခု Season အသစ်မှာ လက်တွေ့ timeline နဲ့ အဆက်ပြတ်သွားတဲ့ ၇ နှစ်အတိုင်း ဇာတ်အိမ်ပြန်တည်ထားပြီး အားလုံးက သေပြီဆိုပြီး တထစ်ချမှတ်ယူကာ ကြေကွဲခဲ့ရတဲ့ ကျွန်တော်တို့အချစ်တော် Genius Scofield တစ်ယောက် ပုံစံသစ်မျိုးနဲ့ ပြန်လာပါတော့မယ်။
Sara တစ်ယောက် ဘဝသစ်မှာ အခြေကျနေကာမှ ညီဖြစ်သူ မသေသေးကြောင်း သိသွားပြီး သူ့ဆီအပြေးလာခဲ့တဲ့ Lincoln တို့နဲ့ ပြန်လည်ပက်သတ်ရပါတော့မယ်။
ပထမဆုံးအပိုင်းမှာတင်ပဲ Yemen ကို ဇာတ်အိမ်တည်ပြီး ခပ်ကြမ်းကြမ်းပြန်စထားတာမို့ အရင်လို Prison Break ထက် မညံ့တဲ့ အပြင်အဆင်တွေနဲ့ တွေ့ရမှာပါ။
ဩော် ဒါနဲ့ ကျွန်တော်တို့ရဲ့ အချစ်တော်ကြီး T-bag တစ်ယောက်တော့ ထောင်က လွတ်လာတဲ့အပြင် စက်ရုပ်လက်ကြီးနဲ့ ကြမ်းတော့မယ်ဗျို့ 😉
ခုပဲ ဒေါင်းကြည့်လိုက်ကြပါတော့ဗျာ
Review and Translated by Hein Htet Linn
Encoded by Zin Ko Htut
Quality........720p
file size......340mb
The Liar and His Lover (2013)
The Liar and His Lover (2013) မြန်မာစာတန်းထိုး
Romance
imdb...........7.9/10
1h 57min
ဂီတဆိုတာ အချစ်တစ်ခုကို မွေးဖွားပေးနိုင်တာကို သင်ယုံကြည်ပါသလား။
အချစ်ကြောင့် ဂီတတစ်ခုကို မွေးဖွားပေးနိုင်ဆိုတာကိုရော သင်သိပါသလား။
အဲဒီအကြောင်းလေးတွေနဲ့ ပတ်သက်လို့ ၂ဝဝ၉ ခုနှစ်တုန်းက ကာတွန်းပညရှင်
ကိုတိုမီ အာအိုကီက Cheese! ဆိုတဲ့ မဂ္ဂဇင်းမှာ အချစ်နဲ့ ဂီတတေးသီချင်းနဲ့
ဆက်စပ်တဲ့ နူးညံသိမ်မွေ့တဲ့အချစ်ဇာတ်လမ်းကာတွန်းတစ်ပုဒ်ကို
ရေးသားဖော်ပြခဲ့ဖူးပါတယ်။ ၂၀၁၃ ခုနှစ်မှာတော့ ဂျပန်ဒါရိုက်တာ နိုရီဟီရို
ကိုအီဇူမီက အဲဒီကာတွန်းလေးကို ရုပ်ရှင်အဖြစ် ပြန်လည်အသက်သွင်းပေးလိုက်ပါ
တော့တယ်။ ဇာတ်လမ်းအကြောင်းလေးက ဒီလိုဗျ၊ အသက် ၂၅
နှစ်အရွယ်အသံအင်ဂျင်နီယာတစ်ယောက်နဲ့ ဘုရားပေးတဲ့အသံပိုင်ရှင် အသက် ၁၆
နှစ်အရွယ် အထက်တန်းကျောင်းသူလေးတစ်ယောက်တို့ ကြားက
အချစ်ဇာတ်လမ်းလေးတစ်ပုဒ်ပါပဲ။ အသံအင်ဂျင်နီယာ အာကီဟာ နာမည်ကျော် Crude Play
ဆိုတဲ့ အမျိုးသား Band တစ်ခုရဲ့အဖွဲ့ဝင်ဟောင်းတစ်ယောက်ဖြစ်ပြီးတော့ အဖွဲ့က
သူတို့သီချင်းသွင်းဖို့ ကုမ္ပဏီတစ်ခုကို ရွေးချယ်လိုက်တဲ့အချိန်မှာ ဂီတအပေါ်
ခံယူချက်ပြင်းထန်လွန်းတဲ့ အာကီဟာ အဖွဲ့ကနေ နုတ်ထွက်လိုက်ပါတယ်။ ဒါပေမယ့်
ဂီတကို ခုံမင်တဲ့ အာကီတစ်ယောက်ဟာ ခင်မင်မှုရင်းနှီးမှု အကြောင်းခံကြောင့်
ထုတ်လုပ်သူ ဆိုအီချီရိုဆိုတဲ့ နာမည်နောက်ကွယ်ကနေ Crude Play အဖွဲ့မှာ
တေးသီချင်းတွေကို ဆက်လက်ဖန်တီးပေးနေပါတယ်။ တစ်နေ့မှာတော့ ရီကိုဆိုတဲ့
ကျောင်းသူလေးတစ်ဦးနဲ့ ဆုံမိခဲ့ပါတယ်။ အာကီရဲ့ ဘ၀နောက်ခံအခြေအနေတွေကို
မသိတဲ့ ရီကိုဟာ ငယ်သူငယ်ချင်းတွေဖြစ်တဲ့ ယူအီချီနဲ့ ဆိုတာတို့နဲ့အတူ
အပျော်တမ်း Band လေးတစ်ခုဖွဲ့ထားသူပါ။ တစ်နေ့မှာတော့ ဆိုအီချီရို ဆိုတဲ့
ထုတ်လုပ်သူကြီးက သူတို့ရဲ့ လေ့ကျင့်နေမှုအခြေအနေကို မြင်တွေ့သွားပြီး
သူတို့ကို မြေတောင်မြှောက်ပေးဖို့ လုပ်ပါတော့တယ်။
မြင်မြင်ချင်းချစ်မိပါတယ်ဆိုလို့ ရီကိုရဲ့ အချစ်ကိုလက်ခံလိုက်တဲ့
အထီးကျန်သူ အာကီအနေနဲ့ သူချစ်တဲ့မိန်းကလေးဟာ
သီချင်းဆိုတတ်တဲ့သူမဖြစ်ရဘူးဆိုတဲ့ ခံယူချက်ရှိပေမယ့် အချစ်ကြောင့်
စိတ်သဘောထားတို့ နူးညံ့လာပါ့မလားဆိုတာ ဇာတ်လမ်းကို ကြည့်ရှုပေးပါ။ မိမိဘဝ
ဖုံးကွယ်ထားတဲ့အာကီ့ကိုရော ရီကိုက အမှန်တရားတွေကိုသိလာတဲ့တစ်နေ့
ဘယ်လိုရင်ဆိုင်မှာလဲဆိုတာ တွေးကြည့်လိုက်တာနဲ့တင်ရင်ခုန်ဖို့ကောင်းပါတယ်။
Kanojo wa Uso Wo Aishisugiteru (The Liar and His Lover)
ဆိုတဲ့ဇာတ်လမ်းကိုပဲ အခုဆိုရင် ကိုရီးယားဗားရှင်းနဲ့ ဇာတ်လမ်းတွဲအဖြစ်
ထုတ်လွှင့်ပြသနေပြီဖြစ်ပါတယ်။ ပါဝင်ထားတဲ့ သရုပ်ဆောင်တွေကတော့ တာကဲယူ ဆိုတာ၊
ဆာကူရာကို အိုဟာရာ၊ ဆိုဟိုင်း မီယူရာ တို့ပါတယ်။
Reviewed by WaingNay Oppa
Translated by Khine NI NI Shein
Encoded by Zin Ko Htut
Quality.......720p bluray
file size......825 mb
Boruto (2017)
Boruto series (2017) မြန်မာစာတန်းထိုး
သင်သိပါသလား
Boruto episode 1မှာ
Easter eggsတွေပါတယ်ဆိုတာ...
အဲ့ထဲကတခုကိုပြောရရင်
Borutoရဲ့ Forehead protectorဟာအခြစ်ခံထားရတယ်
ဆိုလိုတဲ့သဘောက Borutoဟာ နင်ဂျာအဖြစ်မထိုက်တန်လို့Konohaရွာကနေနှင်ထုတ်ခံထားရတယ်ဆိုတဲ့သဘောပေါ့...
Hokageတယောက်ရဲ့သားဟာဒီလောက်ထိဖြစ်သွားအောင်Borutoဘာတွေလုပ်မိလို့လဲ
7th hokageကိုလည်းသေတဲ့သဘောစစချင်းပြောထားတော့
7th hokageသေတာကလည်းBorutoရဲ့ပယောဂကင်းရဲ့လား
ဒါတွေကိုသိချင်ရင်တော့
နောက်ထပ်ထွက်မယ့်အပိုင်းတွေကို
ᖷဝFကနေစောင့်မျှော်ကြည့်ရှုအားပေးကြဖို့တိုက်တွန်းလိုက်ရပါတယ်
ကျေးဇူးတင်ပါတယ်
Translated and Encoded by Nyan Soe Aung
Quality.......720p
File size......138mb
Subscribe to:
Posts (Atom)